၈၈၈၈ မမေ့ရ

၈၈၈၈ မမေ့ရ
မမေ့သင့်သောနေ့ 

8888 မမေ့ပါနှင့်

8888 မမေ့ပါနှင့်

Aug 12, 2008

တပ်ထွတ်မိန့် ခွန်း

၁၉၄၅ခုနှစ် မတ်လ ၁၇ ရက်နေ့ ၌ ရွေတိဂုံဘုရား အနောက်မြောက်ဖက်ရှိ ကွင်းပြင်ကြီး (ယခု တော်လှန်ရေး ပန်းခြံနေရာတွင် ) စစ်ရေးပြအခမ်းအနား နှင့် တပ်ထွတ်ပွဲအခမ်းအနား ကျင်းပကြသည်။ တပ်ထွတ်အခမ်းအနားပွဲ တွင် လိုရင်းနဲ့  တိုရှင်းပြောသွားသော ဗိုလ်ချုပ်အောင်ဆန်း၏ တပ်ထွတ်မိန့် ခွန်းမှာ ……………………….

“ ရဲဘော်တို့ ………………………………….

အကျယ်ချဲ့ ပြီး ရှေရှေမပြောချင်ဘူး ။ အခုစစ်မြေပြင်ကို ထွတ်ရမယ်။ ဆင်းရဲမယ်၊ငတ်မယ် ၊ အခက်အခဲတွေနဲ့ ရင်ဆိုင်ရမယ်၊ မိန်းမမရဘူး။ဗမာပီပီ ဗမာ့သွေးကိုပြပါ။အထက်ဗိုလ်များရဲ့  အမိန့် ကိုနာခံကြပါ။အထက်ဗိုလ်တွေ ကလဲ သာတူညီမျှ ရဲဘော်စိတ်ထားပါ။ ရဲဘော်တို့ ကို ကတိပေးထားတဲ့ အတိုင်း ကျုပ်ကိုယ်တိုင်ရဲဘော်တို့ နဲ့ အတူချီတက်မယ်

ဗမာရန်သူကို ချေမှုန်းကြ။
အနီးကပ်ဆုံးရန်သူကို ရှားပြီးတိုက်ကြ။
ဒါဘဲ…….။”

ဗိုလ်ချုပ်အောင်ဆန်း

ဗိုလ်ချုပ်အောင်ဆန်း

ပြည်ထောင်စုမြန်မာနိုင်ငံတော်ကြီး၏ ဖခင်၊ လွတ်လပ်ရေး ဗိသုကာကြီးဖြစ်သော ဗိုလ်ချုပ်အောင်ဆန်းသည် သက္ကရာဇ် ၁၂၇၆ ခု၊ တပေါင်းလဆန်း ၁ ရက်(၁၉၁၅ ခု၊ ဖေဖေါ်ဝါရီ လ ၁၃ ရက်) စနေနေ့ တွင် မကွေးခရိုင်၊နက်မောက်မြို့ ၊ အဖအမိန့် တော်ရ ရေု့ နေ ဦးဖာ၊ အမိဒေါ်စုတို့ မှဖွားမြင်သည်။

အသက်ခုနှစ်နှစ်အရွယ် နတ်မောက်မြို့ ၊ ဆရာတော် ဦးဘောဘိတ၏ ကျောင်းတွင် ပညာသင်၍ အသက်၁၄နှစ်အရွယ်တွင် ရေနံချောင်းမြို့  အမျိုးသားအထက်တန်းကျောင်းသို့  ကူးပြောင်းသင်ကြားရာ၊၁၉၃၂ ခုနှစ်အသက်၁၈နှစ်တွင်အထက်တန်းပညာကို အောင်မြင်၍ ထိုနှစ်ဇွန်လမှာပင် ရန်ကုန်တက္ကသိုလ်သို့  ရောက်ရှိလေသည်။

၁၉၃၅ခုနှစ်တွင် တက္ကသိုလ်သမဂ္ဂအမှုဆောင် နှင့် သမဂ္ဂမှထုတ်ဝေသော အိုးဝေစာ စောင်စာတည်းအဖြစ် ဆောင်ရွက်သည်။၁၉၃၆-၃၇ခုနှစ်တွင် တက္ကသိုလ်ကျောင်းသားသမဂ္ဂ ဒုတိယဥက္ကဌအဖြစ် ရွေးချယ်တင်မြှောက်ခြင်း ခံရပြီးနောက်၊၁၉၃၇ -၃၈ ခုနှစ်တွင် မြန်မာနိုင်ငံ လုံးဆိုင်ရာ ကျောင်းသားသမဂ္ဂဥက္ကဌ အဖြစ်ရွေးကောက်တင် မြှောက်ခြင်းခံရပြန်လေသည်။ ဤသို့  ကျောင်းးသားအရေးအရာများကို မဆုတ်မနစ် ရှေ့ ဆောင်ခေါင်းရွက် ဆောင်ရွက်ခဲ့ပြီး နောက်၊၁၉၃၈ခုနှစ်တွင် မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသား သမဂ္ဂဥက္ကဌအဖြစ်မှ ထွက်၍ ဒို့ ဗမာအစည်းအရုံးသို့  ၀င်ရောက်ပြီးလျှင် အတွင်းရေးမှူးအဖြစ် နေ့ ညမနား ဆောင်ရွက် လေသည်။

၁၉၃၉ ခုနှစ်တွင် ဒုတိယကမ္ဘာစစ်ကြီး ဖြစ်ပွားလာရာ ပြည်ထောင်စုမြန်မာနိုင်ငံတော် ကြီးသည် နယ်ချဲ့ တို့ လက်အောက်မှရှင်းရှင်းကြီး လွတ်မြောက်ရမည်ဟူသော အဓိဌာန်ဖြင့် ၁၉၄၀ ပြည့်နှစ်၊ သြဂုတ်လတွင် မြန်မာပြည် ပြည်ပသို့ ထွက်ပြီးနောက် မြန်မာပြည်လွတ်လပ် ရေး ရစေမည်ဟုသော ဂျပန်အစိုးရ၏ ကတိကိုယူ၍ ရဲဘော်သုံးကျိပ်နှင့်အတူ စစ်ပညာကိုသင် ကြားပြီးလျှင် ၁၉၄၁ ခု ၊ ဒီဇင်ဘာလတွင် ၂၆ ရက်နေ့ တွင် ယိုးဒယားပြည်ဘန်ကောက်မြို့ ၌ ဗမာ့လွတ်လပ်ရေး တပ်မတော်ကို ဖွဲ့ စည်းလေသည်။


ထို့ နောက်ဗိုလ်ချုပ်အောင်ဆန်းကြီးမှူးသော ရှေ့ ဆောင်သော ဗမာလွတ်လပ်ရေး တပ်မတော်သည် ဂျပ်စစ်တပ်များနှင့်အတူ ပူးတွဲချီတက်လာပြီးနောက်နယ်ချဲများ လက်မှ မြန်မာနိုင်ငံတော်ကြီးကို ပြန်လည်သိမ်းပိုက်လိုက်လေသည် ။သိုသော် ဂျပန်စစ်တပ်သည် ကတိဖောက်ဖျက်ရုံသာမက ပြည်သူလူထုအပေါင်းတို့ အား ညှဉ်းပန်းနှိပ်ဆက်မှုများကို ပြုကျင့်သဖြင့် ဗိုလ်ချုပ်အောင်ဆန်းသည် ဗမာတပ်မတော်ကြီးနှင့်တကွ တပြည်လုံးကိုခေါင်း ဆောင်လျှက် ၁၉၄၅ ခု မတ်လ ၂၇ ရက်နေ့ တွင် ဖက်ဆစ်ဂျပန်တို့ အား အတည်အလင်း စစ်ကျေညာ၍ သုတ်သင်ရှင်းလင်းပြစ်ပြီးလျှင် လူထုကြီးတရပ်လုံးကို ဖက်ဆစ်တို့ ၏ ကြမ်း ကြုတ်ရက်စက်မှု ဘေးမှ ကယ်တင်လိုက်လေသည်။

ဖက်ဆစ်ဂျပန်များ အုတ်ခွါထွက်ပြေးကြပြီးနောက် ဗြိတိသျှတပ်များ ၀င်ရောက်လာရာ၌ လည်း ဗြိတိသျှတို့ သည် မြန်မာပြည်ကို ကျွန်သက်ရှေစေမည့် စက္ကူဖြူစာတန်းကို ယူလာကြ ပြန်သည် ။ဗိုလ်ချုပ်အောင်ဆန်းသည် ဖက်ဆစ်ဂျပန်တို့ကို တော်လှန်ခဲသော် (ဖ၊တ၊ပ၊လ ) ခေါ် ဖတ်ဆစ်တိုက်ဖျက်ရေး ပြည်သူ့ လွတ်လပ်ရေးအဖွဲ ချုပ်ကြီးကို အမျိုးသားတပ်ပေါင်းစု ကြီး အဖြစ်ပြန်လည်ဖွဲ့ စည်းလျှင် လွတ်လပ်ရေး အောင်လံကြီးကိုလွှင့်ထူ၍ လွတ်လပ်ရေး တိုက်ပွဲကြီးကို ဆင်နွဲလေသည်။ ထို့ နောက် ယာယီကြားဖြတ်အစိုးရ အဖွဲ့ အတွင်းသို့ ဝင်ရောက်ဆာင်ရွတ်၏။ ဗြိတိသျှတို့ ထံလွတ်လပ်ရေး အတွက် အရေးဆိုရာ ၁၉၄၆ ခုနှစ် ဇန်န၀ါရီ လ၂ ရက်နေ့ တွင် ဘိလပ်သို့ ဖိတ်ကြားခြင်းခံရပြီးလျှင် ၁၉၄၇ ဇန်န၀ါရီလ ၂ရက်နေ့ တွင် ဘိလပ်သို့ သွာရောက်လေသည်။ သို့ လျှင် ဗြိတိသျှအစိုးရ၏ ဖိတ်မန်ချက်အရ သွားရမည့် ဆဲဆဲတွင် “ ခေါင်းတောင်းကျိုက် မဖြုတ်ကြနှင့် ” ဟု ပြည်သူလူထုအား အသင့်ရှိ စေရန် မှာကြားခဲ့သည် ။ ပြီးနောက် အင်္ဂလန်ပြည် ၊ လန်ဒန်မြို့ သို့ တက်ရောက်ကာ လွတ်လပ် ရေး အတွက် အရေးဆို၍ “အောင်ဆန်း အက်တလီ” စာချုပ်ကို ချုပ်ဆိုခဲ့ပြီးလျှင် “တစ်နှစ် အတွင်း၊ လွတ်လပ်ရေးရရမည်” ဟူသော ရဲရဲတောက် ကတိကြီးကို ပြည်သူလူထုအား ပေးလေသည်။ ထိုနောက် ပင်လုံတွင် တပြည်ထောင်လုံး ညီညွတ်ရေးကြီးကို မြဲခိုင်စွာ အုတ် မြစ်ချပြီးနောက် တနိုင်ငံလုံး ကိုယ်စားလှယ်များ ပါဝင်သောတိုင်းပြု ပြည်ပြု လွှတ်တော်ကြီးကို ရွေးကောက်ဖွဲ့ စည်း၍ ပြည်ထောင်စုမြန်မာနိုင်ငံတော် ဖွဲ့ စည်းအုပ်ချုပ်ပုံ အခြေခံ ဥပဒေကြီးကို ရေးဆွဲခဲ့လေသည်။

ထိုသို့  ပြည်သူလူထုကြီးတရပ်လုံးကို လမ်းပြခေါင်းဆောင်လျက်မိမိ၏အသက်စည်းစိမ် ကို မြူတခြမ်းမျှ ပမာဏမပြုဘဲ ပြည်သူလူထု၏ အကျိုး ပြည်ထောင်စုကြီး၏ အကျိုးကိုသာ မျက်မှောက် ပြုလျက် အပြင်းအထန် ကြိုးပမ်းဆောင်ရွက်နေဆဲမှာပင် ၁၉၄၇ ခု ဇူလှိုင်လ ၁၉ ရက်နေ့ ၌ လူ့ မသမာတို့ ၏ လက်ချက်ဖြင့် ပြည်သူ့ လူထု၏ဖခင် ကျေးဇူးရှင် ကြီးသည် လွတ်လပ်ရေးတိုက်ပွဲတွင် ကျဆုံးခဲ့ရလေသည်။

Aug 4, 2008

ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ်သစ် မြန်မာနိုင်ငံရောက်ရှိ NEJ/ ၄ သြဂုတ် ၂၀၀၈

ကုသလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူး ကိုယ်စားလှယ်သစ် တောမတ်စ် အိုဟေး ကွင်တန်နာသည် ပထမဆုံးအကြိမ်အဖြစ် ယမန်နေ့ ညနေပိုင်းက မြန်မာနိုင်ငံ ရန်ကုန်မြို့သို့ ရောက်ရှိသည်။

တောမတ်စ် အိုဟေး ကွင်တန်နာသည် ယခုရာထူးကို ပြီးခဲ့သည့် မေလတွင် တာဝန်ယူခဲ့ပြီးနောက် မြန်မာနိုင်ငံသို့ လာရောက် ခြင်းဖြစ်ပြီး လာမည့် ကြာသတေးနေ့တွင် ၎င်း၏ ခရီးစဉ် ပြီးဆုံးမည် ဖြစ်ကာ ကြားကာလအတွင်း အစိုးရအရာရှိများ၊ တိုင်းရင်းသားအဖွဲ့အစည်းများ၊ နိုင်ငံရေးပါတီများနှင့် တွေ့ဆုံရန် ရည်ရွယ်ထားပြီး မြန်မာနိုင်ငံတွင် လူ့အခွင့်အရေး အခြေ အနေများ တိုးတက်ရေးအတွက်လည်း ဗိုလ်ချုပ်ကြီးများနှင့် ပွင့်ပွင့်လင်းလင်း ပြောဆိုမည်ဖြစ်သည်ဟု အေအက်ဖ်ပီ

သတင်းတွင် ဖော်ပြသည်။

ကွင်တန်နာက ပြီးခဲ့သည့် မေလတွင် တိုက်ခတ်သွားခဲ့သော မုန်တိုင်းသင့် ဒေသများသို့ သွားရောက် လေ့လာလိုကြောင်းလည်း သတင်းတွင် ပါရှိသည်။

“သူ ဗုဒ္ဓဟူးနေ့မှာ နေပြည်တော်ကို သွားပြီး ကျနော်တို့ရဲ့ အစိုးရ အရာရှိတွေနဲ့ တွေ့ဆုံဆွေးနွေး ဖြစ်မယ် ထင်တယ်” ဟု စစ်အစိုးရဘက်မှ အမည်မဖော်လိုသူ အရာရှိတဦးက အေအက်ဖ်ပီသို့ ပြောသည်။

ဒီမိုကရေစီရေး လှုပ်ရှားမှုများကို ဖိနှိပ်မှုများအပါအ၀င်၊ တိုင်းရင်းသားအဖွဲ့အစည်းများကို နှိပ်ကွပ်မှု၊ အတိုက်အခံများကို ဖမ်းဆီးအကျဉ်းချမှု၊ ပြီးခဲ့သည့် စက်တင်ဘာတွင် ဆန္ဒပြသူများကို အကြမ်းဖက် နှိမ်နင်းခဲ့မှုတို့ ပြုလုပ်ခဲ့သဖြင့် ကုလသမဂ္ဂနှင့် လူ့အခွင့်အရေးအဖွဲ့အစည်းများ၊ နိုင်ငံခြားအစိုးရ များက စစ်အစိုးရကို ရက်စက်သည့် အစိုးရအဖြစ် စွပ်စွဲပြောဆိုခဲ့သည်။

ပြီးခဲ့သည့် ဧပြီလတွင် လုပ်ပိုင်ခွင့် တာဝန်ပြီးဆုံးသွားသည့် ကုလသမဂ္ဂ လူ့အခွင့်အရေး အထူး ကိုယ်စားလှယ် ပီညဲရိုး၏ နောက်ဆုံးအစီရင်ခံစာနောက်ပိုင်း မြန်မာနိုင်ငံတွင် လူ့အခွင့်အရေးနှင့် ပတ်သက်သည့် အခြေအနေများသည် အကောင်းဘက် ပြောင်းလဲလာခြင်း မရှိသေးဟု ကွင်တန် နာက ပြီးခဲ့သည့် ဇွန်လတွင် ပြောခဲ့သည်။

ပီညဲရိုးသည် မြန်မာနိုင်ငံသို့ ၂၀၀၃ ခုတွင် ပထမဆုံးအကြိမ်လာရောက်ခဲ့ပြီး ပြီးခဲ့သည့်နှစ် စက်တင် ဘာအရေးအခင်းပြီးနောက်ပိုင်း နိုဝင်ဘာတွင် နောက်ဆုံးအကြိမ် သွားရောက်ခဲ့သည်။

စက်တင်ဘာတွင် သံဃာတော်များ ဦးဆောင်ကာ ပြည်သူများ သိန်းချီ၍ စစ်အစိုးရကို ဆန့်ကျင် ဆန္ဒပြခဲ့သဖြင့် စစ်အစိုးရက အကြမ်းဖက်နှိမ်နင်း ပစ်ခတ်ခဲ့ရာ အနည်းဆုံး လူ (၃၁) ဦး သေဆုံးပြီး (၇၄) ဦး ပျောက်ဆုံးခဲ့သည်ဟု အချက်အလက်များ ရှာဖွေမှုစုဆောင်းပြီး ပီညဲရိုးက တင်ပြခဲ့သည်။

မစ္စတာ ကွင်တန်နာသည် မြန်မာနိုင်ငံ ရောက်ရှိနေစဉ်အတွင်း နေအိမ်အကျယ်ချုပ်ကျခံနေရသည့် မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည့်နှင့် တွေ့ဆုံခွင့်ရ မရဆိုသည်ကိုမူ အမျိုး သားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) က မည်သို့မျှ မကြားသိရသေးကြောင်း ပြောသည်။

ယခင်က ပီညဲရိုးနှင့် တွေ့ဆုံခွင့်ရသကဲ့သို့ ကွင်တန်နာနှင့်လည်း တွေ့ဆုံရန် မျှော်လင့်ကြောင်း အဖွဲ့ချုပ် ပြောရေးဆိုခွင့်ရှိသူ ဦးဥာဏ်ဝင်းက ပြောကြားသည်။ ။

လော်ရာဘုရှ်၏ မဲဆောက်ခရီးစဉ် အကျိုးရှိလိမ့်မည်ဟု ဒေသတွင်းရှိ မြန်မာနိုင်ငံသားများ မျှော်လင့် NEJ/ ၄ သြဂုတ် ၂၀၀၈

အမေရိကန်သမ္မတကတော် လော်ရာဘုရှ်၏ ထိုင်း-မြန်မာ နယ်စပ်ခရီးစဉ်သည် ဒေသတွင်းရောက် မြန်မာနိုင်ငံသားများအားလုံးအတွက် အကျိုးရှိသော ခရီးစဉ်ဖြစ်လိမ့်မည်ဟု မျှော်လင့်ကြောင်း ပြည်ထောင်စုမြန်မာနိုင်ငံအမျိုးသားကောင်စီ (အန်စီယူဘီ) က ပြောကြားသည်။

အန်စီယူဘီ၏ ပြောရေးဆိုခွင့်ရှိသူ ဦးမြင့်သိဏ်းက “မယ်တော်ဆေးခန်းနဲ့ မယ်လဒုက္ခသည် စခန်းကို အမေရိကန်လို အင်အားကြီးနိုင်ငံက တာဝန်အရှိဆုံးပုဂ္ဂိုလ်ရဲ့ ဇနီး လော်ရာဘုရှ် လာရောက်လေ့လာမှု ပြုတယ်ဆိုတာ ဒီမိုကရေစီခေါင်းပါးတဲ့ တိုင်းပြည်က လူထုတွေရဲ့ ခံစား ချက်တွေကို သူတို့ နားလည်ခံစား သိရှိတယ်ဆိုတာကို ရှင်းရှင်းလင်းလင်း ပြဆိုလိုက်တာ ဖြစ်တယ်” ဟု ခေတ်ပြိုင်သို့ ပြောသည်။

မစ္စလော်ရာဘုရှ်သည် ယခုလ (၇) ရက်တွင် ထိုင်း-မြန်မာနယ်စပ် မဲဆောက်သို့ လာရောက်မည် ဖြစ်ပြီး မယ်လဒုက္ခသည်စခန်းနှင့် မယ်တော်ဆေးခန်းသို့ လာရောက်ကြည့်ရှု လေ့လာမည် ဖြစ်သည်။

ယခုကဲ့သို့ အမေရိကန်သမ္မတ၏ ဇနီးဖြစ်သူ လာရောက်ခြင်းအားဖြင့် မြန်မာနိုင်ငံတွင် စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေး၊ နိုင်ငံရေး အကျပ်အတည်းများကြောင့် ဒုက္ခရောက်ကာ ထိုင်းနိုင်သို့ ရောက် လာကြသည့် မြန်မာပြည်သူများ၏ အခြေအနေမှန်ကို သိရှိသွားနိုင်သည်ဟု ဦးမြင့်သိဏ်းက ပြောသည်။

၎င်းက “အဲဒီကနေတဆင့် သူ့ရဲ့အကူအညီတွေကို ရရှိနိုင်တယ်။ သိန်းနဲ့ ချီပြီး ရောက်ရှိနေတဲ့ မြန်မာတွေနဲ့ပတ်သက်တဲ့ ထိုင်းနိုင်ငံဆိုင်ရာ လုံခြုံရေးကိစ္စတွေ၊ ထိုင်းအာဏာပိုင်တွေက မြန်မာ နိုင်ငံသားတွေအပေါ်မှာ အဓမ္မဖမ်းဆီးတာတွေ၊ မတော်မတရား လုပ်တာတွေနဲ့ ပတ်သက်ပြီးတော့ တစုံတရာ လျှော့ပါးသွားမယ့် အထောက်အကူ ဖြစ်နိုင်လောက်တဲ့ အခြေအနေမျိုးတွေ ဖြစ်လိမ့် မယ်လို့ မျှော်လင့်တယ်” ဟု ပြောသည်။

တရားဥပဒေစိုးမိုးရေးအရ မှန်မှန်ကန်ကန် ပြုမူဆက်ဆံသည့်အနေအထားမျိုး ဖြစ်လာလိမ့်မည် ဟုလည်း မျှော်လင့်ကြောင်း၊ မြန်မာ့ဒီမိုကရေစီရေးတိုက်ပွဲအတွက် သက်ဆိုင်ရာ ထိုင်းနိုင်ငံရှိ အာဏာပိုင်များနှင့်လည်း ပူးပေါင်းကူညီမှုများ လုပ်ပေးလိမ့်မည်ဟု ယုံကြည်ကြောင်း ၎င်းက ဆက်လက်ပြောသည်။

မယ်လဒုက္ခသည်စခန်းရှိ ဒုက္ခသည်တဦးကမူ “လော်ရာဘုရှ်တို့လို အဆင့်တွေလာတာ ကျနော် တို့အတွက် တန်ဖိုးကြီးတယ်။ ဒီမှာ ဘယ်လို နေထိုင်စားသောက်ရသလဲ၊ ဒုက္ခသည်တွေ အနေ အထားနဲ့ အခက်အခဲတွေကို သူ မျက်မြင်ကိုယ်တွေ့ မြင်သွားမယ်ဆိုရင် ကျနော်တို့ကျေနပ်ပါတယ်” ဟု ပြောသည်။

သမ္မတဘုရှ်၏ တောင်ကိုးရီးယား၊ ထိုင်းနှင့် တရုတ်နိုင်ငံ ပေကျင်းအိုလံပစ် ဖွင့်ပွဲအခမ်းအနားတို့သို့ သွားရောက်လည်ပတ်မည့် တပတ်ကြာ အာရှခရီးစဉ်အတွင်း ထိုင်းနိုင်ငံ ဘန်ကောက်မြို့သို့ ရောက်ရှိသည့်အခါ သမ္မတကတော်က နယ်စပ်သို့ သွားရောက်ရန် အစီအစဉ် ရှိခြင်းဖြစ်သည်။

သမ္မတကတော် နယ်စပ်ရောက်ရှိနေချိန်တွင် သမ္မတဘုရှ်သည် မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားသူ (၉) ဦးနှင့် ဘန်ကောက်မြို့တွင် မြန်မာ့အရေး ဆွေးနွေးမည်ဟုလည်း သိရသည်။ ။

မော်လမြိုင်တွင် လိုင်စင်လုပ်မည့်ဆိုင်ကယ်များ တိုကင်ပေးမှုရပ်ဆိုင်းထား NEJ/ ၄ သြဂုတ် ၂၀၀၈

လိုင်စင်မဲ့ မော်တော်ဆိုင်ကယ်များကို (၄) လတိုင် လိုင်စင်ထုတ်ပေးမည်ဟု အစိုးရက ကြေညာထား သော်လည်း မော်လမြိုင်မြို့တွင် သြဂုတ်လ (၁) ရက်၌ လိုင်စင်လုပ်မည့် တိုကင်ပေးမှုကို ရပ်ဆိုင်း လိုက်သည့်အတွက် လိုင်စင်လုပ်မည့် မော်လမြိုင်မြို့ခံများ စိုးရိမ်နေကြသည်။

နအဖ စစ်အစိုးရက ရန်ကုန်တိုင်းနှင့် နေပြည်တော်မှအပ မြန်မာတနိုင်ငံလုံးရှိ လိုင်စင်မဲ့ ဆိုင်ကယ် များကို ပြီးခဲ့သည့် ဇူလိုင် (၁) ရက်မှ အောက်တိုဘာ (၃၁) ရက်အထိ (၄) လ တိုင်တိုင် လိုင်စင်များ ထုတ်ပေးမည်ဟု ကြေညာထားသည်။

မော်လမြိုင်တွင် လိုင်စင်လုပ်ရန် သွားရောက်ခဲ့သူ တဦးက “သြဂုတ်လ (၁) ရက်နေ့ မနက် (၃) နာရီ လောက်မှာ ကျနော် တိုကင်ယူဖို့ သွားတန်းစီတယ်။ ကျနော့် အရှေ့မှာ အစီး (၃၀) လောက်ရှိတယ်။ (၁၀) စီးလောက်ကိုပဲ တိုကင်ထုတ်ပေးရသေးတယ်၊ တိုကင်ကုန်သွားပြီ။ သြဂုတ် (၂၇) ရက်နေ့ အထိ တိုကင် မရှိတော့ဘူး။ ဒါကြောင့် တိုကင်ပေးတာ ရပ်ထားမယ်၊ နောက်မှ လာစုံစမ်းပါဆိုပြီး ပြောတယ်။ လိုင်စင်ပေးတာ (၁) လလောက်ပဲ ရှိသေးတယ်။ နှစ်လစာလောက် ကုန်နေပြီဆိုတော့ စိုးရိမ်စရာပဲ” ဟု ပြောသည်။

ထိုသို့ ပြောဆိုမှုများကြောင့် လိုင်စင်ပြုလုပ်ရန် ကျန်နေသေးသည့် ဆိုင်ကယ်ပိုင်ရှင်များသည် ၎င်းတို့ ၏ ဆိုင်ကယ်များ လိုင်စင်ရရှိရန် သေချာမှု ရှိမရှိဆိုသည်ကို စိုးရိမ်နေကြသည်။

နအဖက မြန်မာတနိုင်ငံလုံးရှိ လိုင်စင်မဲ့ ဆိုင်ကယ်များကို ပြီးခဲ့သည့် ဇူလိုင် (၁) ရက်မှစ၍ လိုင်စင် ပြုလုပ်ပေးလျက်ရှိပြီး မန္တလေး၊ မော်လမြိုင်၊ ပဲခူး၊ မြစ်ကြီးနား စသည့် မြို့တို့တွင် ဆိုင်ကယ် လိုင်စင် ပြုလုပ်မည့်သူ များပြားလွန်းသည့်အတွက် ညအိပ်စောင့်ဆိုင်းရခြင်း၊ တာဝန်ရှိသူများက လာဘ်ယူ ပြုလုပ်ပေးခြင်းတို့နှင့် ကြုံကြရကြောင်း မြို့ခံများထံမှ သိရသည်။

ယင်းသို့ လိုင်စင်များ ထုတ်ပေးနေသည့် တချိန်တည်းမှာပင် တရုတ်နယ်စပ်နှင့် ထိုင်းနယ်စပ်မှ လိုင်စင်မဲ့ဆိုင်ကယ်များ အလုံးအရင်းဖြင့် ၀င်ရောက်နေကြောင်း၊ ကေအိုင်အေ ကချင် ငြိမ်းချမ်းရေး အဖွဲ့ ထိန်းချုပ်ထားသည့် လိုင်ဇာစခန်းမှတဆင့် မြစ်ကြီးနားဘက် ၀င်လာသည့် တရုတ်ဆိုင်ကယ် များကို မြို့အ၀င်၌ ဖမ်းဆီးနေသည်ကလွဲပြီး အခြားနယ်စပ် ၀င်ပေါက်များတွင်မူ သက်ဆိုင်ရာဒေသ အာဏာပိုင်များက လာဘ်ငွေယူကာ ဖမ်းဆီးမှု မရှိကြောင်း ဆိုင်ကယ်ပွဲစားများက ပြောသည်။

ထိုင်းနယ်စပ် မြ၀တီဘက်တွင်မူ အာဏာပိုင်သားသမီးများနှင့် ဒီကေဘီအေအဖွဲ့ပေါင်းပြီး ထိုင်း နိုင်ငံလုပ် ဆိုင်ကယ်များကို ကားအစီးလိုက် မော်လမြိုင်၊ ဘားအံ၊ ပဲခူး၊ မန္တလေးဘက်အထိ အမြောက်အမြား မှောင်ခိုတင်ပို့နေကြကြောင်း သိရသည်။

၂၀၀၄ ခုနှစ် ယခင် လိုင်စင်မဲ့ဆိုင်ကယ်များအား လိုင်စင်ပြုလုပ်ပေးစဉ်က (၁) လကျော်အတွင်း ဆိုင်ကယ်စီးရေ (၄) သိန်းခွဲကျော်ခန့် မှတ်ပုံတင်ခဲ့ပြီး ယခုတကြိမ်တွင် (၄) လအတွင်း ဆိုင်ကယ် စီးရေ (၇) သိန်းဝန်းကျင်ခန့် ရှိမည်ဟု မန္တလေး ကညန ၀န်ထမ်းတဦးက ခန့်မှန်းသည်။

သို့သော် လိုင်စင်မဲ့ဆိုင်ကယ်များ အလုံးအရင်းဖြင့် ထပ်မံဝင်ရောက်နေပြီး ဆိုင်ကယ်လိုင်စင်လုပ်ရန် တိုကင်ထုတ်ပေးမှုမှာ တနေ့အစီး (၂၅၀) နှင့် (၃၀၀) အကြားသာ ရှိသဖြင့် ထိုနှုန်းအတိုင်းသာ သွားပါက လိုင်စင်ထုတ်ပေးရန် သတ်မှတ်ထားသည့် သက်တမ်း(၄) လအတွင်း လိုင်စင်မဲ့ဆိုင်ကယ် များ ကုန်မည်မဟုတ်ကြောင်း ၎င်းက ပြောသည်။

ရန်ကုန်တိုင်း၌လည်း ပြီးခဲ့သည့် သြဂုတ် (၁) ရက်မှစပြီး စည်ပင်သာယာနယ်နိမိတ် ပြင်ပ မြို့နယ် တို့တွင် လိုင်စင်မဲ့ဆိုင်ကယ်များကို စတင် လိုင်စင်ပြုလုပ်ပေးနေသည်။

လိုင်စင်မဲ့ ဆိုင်ကယ်များအား မှတ်ပုံတင်ပေးနေသည့် မြို့နယ်များမှာ ရန်ကုန်တောင်ပိုင်း၌ ခရမ်း၊ သုံးခွ၊ ကော့မှူး၊ ကွမ်းခြံကုန်း၊ တွံတေး၊ သံလျင်၊ ကျောက်တန်း၊ ကိုကိုးကျွန်း၊ လှိုင်မြစ်တဖက်ကမ်း၌ ဒလ၊ ဆိပ်ကြီးခနောင်တို၊ ရန်ကုန်မြောက်ပိုင်း၌ မှော်ဘီ၊ တိုက်ကြီး၊ လှည်းကူးနှင့် ထန်းတပင်တို့ ဖြစ်သည်။

ရန်ကုန်တိုင်းအတွင်းရှိ မြို့နယ်များတွင် လိုင်စင်မဲ့ဆိုင်ကယ်များအား မြို့နယ်အလိုက် အလှည့်နှင့် လိုင်စင်များလုပ်ပေးနေကြောင်း အခြားမြို့များလောက် ဆိုင်ကယ်အရေအတွက် မများကြောင်း သိရသည်။ ။

Aug 3, 2008

83.blogspot.com Welcome to MYATTHUMOE19

83.blogspot.com Welcome to MYATTHUMOE19

ဆည်းဆာ


အလွမ်းတွေ ပြည့်နေ
စမ်းရေတွေက ခမ်းပေါ့
ချမ်းပေမဲ့လဲ လွမ်းပေါ့
စောင့်နေသူက မောခဲ့
အချိန်တိုင်းတော့ ရူးပေါ့

ညနေဆည်းဆာ တမ်းတနေကာ
ပြန်လာမဲ့သူ စောင့်နေမိ
အေးမြကြည်လင် မင်းပုံရိပ်
တို့ မမေ့သေး





(ကျနော့်အချစ်ဆုံးသူငယ်ချင်းလေးအတွက်)