၈၈၈၈ မမေ့ရ

၈၈၈၈ မမေ့ရ
မမေ့သင့်သောနေ့ 

8888 မမေ့ပါနှင့်

8888 မမေ့ပါနှင့်

May 7, 2008

မုန်တိုင်းဒဏ်ခံရသော မြို့နယ်များ၌ ဆန္ဒမဲပေးပွဲရွှေ့ဆိုင်း

ဆိုင်ကလုန်းမုန်တိုင်း ဒဏ်ခံလိုက်ရသည့် ဧရာဝတီနှင့် ရန်ကုန်တိုင်းအတွင်းရှိ (၄၇) မြို့နယ်၌ ဖွဲ့စည်းပုံမူကြမ်း အတည်ပြုရေး ဆန္ဒခံယူပွဲကို မေလ (၂၄) ရက်သို့ ရွှေ့ဆိုင်းလိုက်ကြောင်း ပြည်လုံးကျွတ်ဆန္ဒခံယူပွဲ ကျင်းပရေးကော်မရှင်က ယနေ့ ကြေညာသည်။

ဧရာဝတီတိုင်း၌ ရွှေ့ဆိုင်းလိုက်သည့်မြို့နယ်များမှာ ငပုတော၊ လပ္ပတ္တာ၊ မော်လမြိုင်ကျွန်း၊ ဖျာပုံ၊ ဘိုကလေး၊ ကျိုက်လတ်နှင့် ဒေးဒရဲ စုစုပေါင်း (၇) မြို့နယ်တို့ ဖြစ်သည်ဟု သိရသည်။

ရန်ကုန်တိုင်း၌ ရွှေ့ဆိုင်းလိုက်သည့် မြို့နယ်များမှာ တာမွေ၊ တောင်ဥက္ကလာပ၊ ဒဂုံဆိပ်ကမ်း၊ ဒဂုံမြို့သစ် တောင်ပိုင်း၊ မြောက်ပိုင်းနှင့်အရှေ့ပိုင်း၊ ဒေါပုံ၊ ပုဇွန်တောင်၊ ဗိုလ်တထောင်၊ မင်္ဂလာတောင်ညွန့်၊ မြောက်ဥက္ကလာပ၊ ရန်ကင်း၊ သာကေတ၊ သင်္ကန်းကျွန်း၊ ကမာရွတ်၊ ကြည့်မြင်တိုင်၊ ကျောက်တံတား၊ စမ်းချောင်း၊ ဆိပ်ကမ်း၊ ဒဂုံ၊ ပန်းဘဲတန်း၊ ဗဟန်း၊ မရမ်းကုန်း၊ လသာ၊ လှိုင်၊ လမ်းမတော်၊ အလုံ၊ သံလျှင်၊ ကျောက်တန်း၊ သုံးခွ၊ ခရမ်း၊ တွံတေး၊ ကွန်းခြံကုန်း၊ ကော့မှူး၊ ဒလ၊ ဆိပ်ကြီးခနောင်တို၊ အင်းစိန်၊ မင်္ဂလာဒုံ၊ ရွှေပြည်သာ၊ လှိုင်သာယာ စုစုပေါင်း
မြို့နယ် (၄၀) တို့ဖြစ်သည်။

ထို့အပြင် ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ မွန်ပြည်နယ်နှင့် ကရင်ပြည်နယ်တို့အား
သဘာဝဘေးအန္တရာယ် ကျရောက်သော ဒေသများအဖြစ် မူလကကြေညာထားမှုကို ရုပ်သိမ်း လိုက်ပြီး
(၄၇) မြို့နယ်ကိုသာ သဘာဝဘေးအန္တရာယ် ကျရောက်သော ဒေသများအဖြစ်
ဆက်လက် သတ်မှတ်ကြောင်း စစ်အစိုးရက ကြေညာသည်။

မြို့နယ် (၄၇) ခုအတွင်း ကျင်းပရန် သတ်မှတ်ထားသည့် ပြည်လုံးကျွတ် ဆန္ဒခံယူပွဲများကို ရွှေ့ဆိုင်းလိုက်ပြီး ထိုမြို့နယ်များအတွက် ဆန္ဒခံယူပွဲကို ၂၀၀၈ ခုနှစ် မေလ (၂၄ ) ရက်တွင် ကျင်းပမည်ဟု ပြည်လုံးကျွတ် ဆန္ဒခံယူပွဲကော်မရှင် ဥက္ကဋ္ဌ ဦးအောင်တိုးက ထုတ်ပြန်သည့် ကြေညာချက်၌ ဖော်ပြသည်။

ပြည်လုံးကျွတ်ဆန္ဒခံယူပွဲကို မြန်မာတနိုင်ငံလုံး၌ လာမည့် စနေနေ့ မေလ (၁၀) ရက်၌ ကျင်းပ မည်ဟု စစ်အစိုးရက ကြေညာထားပြီးဖြစ်သည်။

(ကျနော်သတင်းတွေကို ကူးယူထားခြင်းဖြစ်ပါတယ် )

No comments: