၈၈၈၈ မမေ့ရ

၈၈၈၈ မမေ့ရ
မမေ့သင့်သောနေ့ 

8888 မမေ့ပါနှင့်

8888 မမေ့ပါနှင့်

May 17, 2008

ဒေးဒရဲမြို့နယ်မှ မုန်တိုင်းထိကျေးရွာများ နေစရာအခက်တွေ့

eat ဧရာဝတီတိုင်း ဒေးဒရဲမြို့နယ်အပိုင် ကွမ်းခြံ ကုန်းနှင့် ဆက်နေသည့် ချောင်းကြီး၊ နှာခေါင်း ချောင်းနှင့် က၀က်ရွာများတွင် မည်သည့် အကူ အညီမျှ မရောက်သေးသည့်အတွက် နေရေး ထိုင်ရေးနှင့် စားသောက်ရေး အခက်အခဲများ ကြုံတွေ့နေရသည်။

အဆိုပါရွာများသည် သွားလာရေး ခက်ခဲကာ စက်လှေနှင့် သွားရသည့်အတွက် မုန်တိုင်းကျပြီး
(၅) ရက်ခန့်က အစိုးရ စစ်သင်္ဘောတစီးက စည်သွပ်ဘူးအချို့နှင့် ဆန်အနည်းငယ် လာရောက် ပေးသည်မှလွဲ၍ ယခုအချိန်အထိ အစိုးရအကူအညီ ဘာမှမရရှိသေးကြောင်း ဒေသခံများထံ အစားအသောက်များ သွားရောက်လှူဒါန်းခဲ့သူ ပြည်တွင်းမှ ဂျာနယ်အယ်ဒီတာတဦးက ပြောသည်။

၎င်းက ချောင်းကြီးရွာက ဒုက္ခသည် အမျိုးသမီးကြီးတဦး ပြောပြတာက အမေတို့ နေစရာအတွက် နေဖို့ထိုင်ဖို့တွေပဲ အဓိက လုပ်နေရတယ်။ စီးပွားရေးလုပ်ငန်းဆိုတာ ဘာမှ မစဉ်းစားနိုင်သေးဘူး။ တနေ့တနေ့ စားဖို့ သောက်ဖို့ အခက်အခဲ ဖြစ်နေတယ် ဟု ပြောသည်။

အဆိုပါရွာ တရွာတွင် အိမ်ခြေ (၂၅၀) ခန့်ရှိပြီး မုန်တိုင်းကြောင့် အိမ်အနည်းငယ်မျှသာ ကျန်ပြီး ရွာလုံးကျွတ်နီးပါး ပျက်စီးကုန်ကာ (၃) ရွာပေါင်းတွင် လူအသေအပျောက် (၄၀၀) ခန့်ရှိသည်ဟု အဆိုပါ သွားရောက်မေးမြန်းခဲ့သူ ဂျာနယ်အယ်ဒီတာဖြစ်သူက ပြောသည်။

အခု သူတို့မှာက ဘာအခက်အခဲ ဖြစ်နေလဲဆိုတော့ အိမ်တွေ ပြန်ပြင်ဆောက်နေရတယ်။ ဓနိတောတွေက ပျက်သွားတော့ ဓနိမိုး သူတို့မှာ မရှိဘူး။ သွပ်မိုးတွေ ဘာတွေလည်း မရောက် သေးဘူး။ အမိုးအကာ အကူအညီ မရောက်သေးဘူး။ အခု သူတို့က လေတိုက်တုန်းက မပျက်ဘဲ ကျန်ခဲ့တဲ့ ဓနိလေးတွေ ပြန်သန့် ပြန်ပေါင်းစပ်လုပ်နေရတယ်။ (၃) ရွာစလုံး အိမ်တွေ တော်တော် များများ လုံးဝပြိုကျသွားတော့ ဘုန်းကြီးကျောင်း ဇရပ်တွေမှာ သွားနေကြရတယ် ဟု ၎င်းက ပြောသည်။

ယခုလောလောဆယ်တွင် အဆိုပါရွာ (၃) ရွာ၌ လေဘေးဒုက္ခသည်စုစုပေါင်း (၂,၅၀၀) ခန့်ရှိပြီး ဆေးဝါးအကူအညီနှင့် အိမ်ဆောက်ပစ္စည်းများ လိုအပ်နေကာ အစားအသောက်မှာ ပုဂ္ဂလိကမှ လာရောက်လှူဒါန်းသည့် ဆန်နှင့် အခြောက်အခြမ်းများကိုသာ ချွေတာစားသောက်နေရပြီး ချောင်းကြီးနှင့် နှာခေါင်းချောင်းရွာတွင် ၀မ်းရောဂါ စတင်ဖြစ်ပွားနေကြောင်း သိရသည်။

(သတင်းများကို ကူးယူထားခြင်းဖြစ်ပါတယ် )

No comments: