၈၈၈၈ မမေ့ရ

၈၈၈၈ မမေ့ရ
မမေ့သင့်သောနေ့ 

8888 မမေ့ပါနှင့်

8888 မမေ့ပါနှင့်

May 17, 2008

ဆန္ဒမဲရလဒ်ကြေညာသည့်အပေါ် အတိုက်အခံများ ဝေဖန်ရှုတ်ချ


line

ပြည်လုံးကျွတ် ဆန္ဒခံယူပွဲတွင် ဖွဲ့စည်းပုံအခြေခံဥပဒေမူကြမ်းကို ဆန္ဒမဲပေးသူ (၉၂.၄) ရာခိုင် နှုန်းက တခဲနက် ထောက်ခံကြောင်း စစ်အစိုးရက ကြေညာသည့်အပေါ် ပြည်တွင်းပြည်ပရှိ အတိုက်အခံများက ပြင်းပြင်းထန်ထန် ပြစ်တင်ရှုတ်ချလိုက်သည်။

မေလ (၁၀) ရက်က ကျင်းပသည့် ဆန္ဒခံယူပွဲတွင် မဲဆန္ဒပေးသူ စုစုပေါင်း (၂၂,၄၉၆,၆၆၀)
အနက် (၂၀,၇၈၆,၅၉၆) က ထောက်ခံပြီး (၁,၃၇၅,၄၈၀) က ကန့်ကွက်ကာ (၃၃၄,၅၈၄) ပယ်မဲဖြစ်သည်ဟု
ပြည်လုံးကျွတ် ဆန္ဒခံယူပွဲကော်မရှင် ဥက္ကဋ္ဌ ဦးအောင်တိုးက ယမန်နေ့က ထုတ်ပြန်ကြေညာခဲ့သည်။

အဆိုပါကြေညာချက်နှင့်ပတ်သက်၍ ရန်ကုန်မြို့ရှိ ပြည်သူ့လွှတ်တော်ကိုယ်စားပြုကော်မတီ အတွင်းရေးမှူး ဦးအေးသာအောင်က ယခု ကျင်းပခဲ့သည့် ဆန္ဒခံယူပွဲကို လုံးဝ လက်မခံကြောင်း ပြောကြားသည်။

လက်ရှိအစိုးရအနေနဲ့ အမျိုးမျိုးအဖုံဖုံ သူတို့လိုချင်တဲ့ ရာခိုင်နှုန်းကို လုပ်သွားမယ်လို့ အန်ကယ် တို့ကြိုတွက်ထားပါတယ်။ အခုလို တ၀က်တပျက်နဲ့ပဲ ကြေညာကြေညာ၊ အကုန်လုံးပြီးမှပဲ ကြေညာ ကြေညာ၊ ကြေညာလိုက်တဲ့ ရာခိုင်နှုန်းဟာ ထူးတော့ထူးပေမယ့် မဆန်းပါဘူး။ ဒါပေမယ့် အရေး ကြီးတာက ဒီဆန္ဒခံယူပွဲနဲ့ ပတ်သက်လို့ အန်ကယ်လ်တို့ကတော့ လက်မခံပါဘူး။ အန်အယ်လ်ဒီ အပါအ၀င် တိုင်းရင်းသားအင်အားစုတွေ ဆွေးနွေးညှိ နှိုင်းပြီးတော့ လုပ်ငန်းစဉ်တခုကိုချပြီး သွား ရမယ့်ဟာကို မသွားဘဲနဲ့ နအဖရဲ့တဖက်သတ် လုပ်ငန်းစဉ်တွေဖြစ်တဲ့ ဆန္ဒခံယူပွဲကို လက်မခံ ပါဘူး ဟု ပြောသည်။

ထိုင်း-မြန်မာနယ်စပ်အခြေစိုက် ပြည်ထောင်စုမြန်မာနိုင်ငံအမျိုးသားကောင်စီ (အန်စီယူဘီ) က လည်း ထိုကြေညာချက်အပေါ် ပြင်းပြင်းထန်ထန် ကန့်ကွက်ရှုတ်ချကြောင်း ယနေ့ ထုတ်ပြန် ကြေညာသည်။

အန်စီယူဘီ တွဲဖက်အထွေထွေအတွင်းရေးမှူး ဦးမြင့်သိဏ်းက ဒီနေ့ မြန်မာနိုင်ငံသားတွေရဲ့ အခြေအနေဟာ ဘေးဒုက္ခဆိုးကြီးနဲ့ ကြုံတွေ့နေရတယ်။ ဒီအခြေအနေမျိုးမှာ အရေးကြီးတဲ့ နိုင်ငံသားတွေရဲ့အရေးကို မျက်ကွယ်ပြုပြီး သူတို့ရဲ့ အာဏာရေရှည်ခိုင်မြဲရေးအပေါ်မှာ အာဏာငမ်းငမ်းတက်ပြီး ဒီလိုမျိုးကိစ္စကို အခုလို ကြေညာလိုက်တာဟာ တကယ်ကို မတရား မမှန်ကန်တဲ့ ကိစ္စဖြစ်တယ်။ မပြီးဆုံးသေးတဲ့ ဆန္ဒခံယူပွဲကို တစိတ်တပိုင်း ကြေညာတာဟာ ဒါမှားယွင်းတဲ့ ကိစ္စဖြစ်တယ်။ တိုင်းပြည်မှာ ဖြစ်ပေါ်နေတဲ့ ပြဿနာတွေကို သူတို့အနေနဲ့ ရင်ဆိုင်ဖြေရှင်းရမယ့်အစား ရင်မဆိုင်ရဲလို့ ယခုလို ကြားဖြတ် ထုတ်ပြန်ပြီး မြန်မာနိုင်ငံမှာရှိတဲ့ မဲဆန္ဒရှင်တွေနဲ့ တကမ္ဘာလုံးကို စိန်ခေါ်လိုက်တာလို့မြင်တယ် ဟု ပြောသည်။

မြန်မာနိုင်ငံသားများ ဘေးဒုက္ခပေါင်းစုံ ခံနေရမှုအပေါ် နိုင်ငံတကာရှိ အဖွဲ့အစည်းအသီးသီးတို့က အမြန်ဆုံး ၀ိုင်းဝန်းအကူအညီပေးကြရန် အထူးမေတ္တာရပ်ခံကြောင်းလည်း အန်စီယူဘီ ကြေညာ ချက်၌ တိုက်တွန်းထားသည်။

စစ်အစိုးရအနေဖြင့် ဆန္ဒခံယူပွဲနှင့် ၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲတို့တွင် စိတ်တိုင်းကျ လုပ်ဆောင် သွားနိုင်မည်ဖြစ်သော်လည်း ပြည်သူလူထု၊ လက်နက်ကိုင် တိုင်းရင်းသားများအင်အားစုများနှင့် နိုင်ငံတကာ၏ ထောက်ခံမှုရအောင် ဆောင်ရွက်နိုင်မည်မဟုတ်သဖြင့် စစ်မှန်သည့် ပြည်တွင်း ငြိမ်းချမ်းရေးနှင့် အမျိုးသားပြန်လည် သင့်မြတ်ရေး မည်သို့မှ ရရှိမည်မဟုတ်ကြောင်းနှင့် စစ် အာဏာရှင်ကို ဆက်လက်ဆန့်ကျင်သွားကြမည်ဖြစ်ကြောင်း အတိုက်အခံတို့က ပြောကြားသည်။

- ၂၀၀၈ခု မေလ (၁၀) ရက် ပြည်လုံးကျွတ်ဆန္ဒခံယူပွဲရလဒ်

မြန်မာနိုင်ငံလူဦးရေ- ( ၅၇,၅၀၄,၃၆၈)ဦး
အသက် (၁၈) နှစ်ပြည့်ပြီး ဆန္ဒမဲပေးခွင့်ရှိသူပေါင်း- (၂၇,၃၆၉,၉၅၇) ဦး
တနိုင်ငံလုံးရှိမြို့နယ်ပေါင်း- (၃၂၅) မြို့နယ်
ကျင်းပခဲ့သည့်မြို့နယ်ပေါင်း- (၂၇၈) မြို့နယ်
ဆန္ဒမဲပေးခွင့်ရှိသူ - (၂၂,၇၀၈,၄၃၄) ဦး
မဲပေးသူစုစုပေါင်း (၂၂,၄၉၆,၆၆၀) ဦး
ထောက်ခံမဲပေးသူ- (၂၀,၇၈၆,၅၉၆) ဦး
ကန့်ကွက်မဲပေးသူ- (၁,၃၇၅,၄၈၀) ဦး
ပယ်မဲ -
(၃၃၄,၅၈၄) ဦး
ဆန္ဒမဲပေးသည့် ရာခိုင်နှုန်း- (၉၉.၀၇) ရာခိုင်နှုန်း
ထောက်ခံမဲပေးသည့်ရာခိုင်နှုန်း- (၉၂.၄) ရာခိုင်နှုန်း

- မေ (၂၄) ရက်၌ ဆန္ဒခံယူပွဲကျင်းပမည့်မြို့နယ်ပေါင်း- (၄၇) မြို့နယ်

ရည်ညွှန်း- ပြည်လုံးကျွတ်ဆန္ဒခံယူပွဲကျင်းပရေးကော်မရှင်

(သတင်းများကိုကျနော် ကူးယူထားခြင်းဖြစ်ပါတယ် )

No comments: