| မေ (၁၅) ရက်ညက ကြေညာခဲ့သည့် နအဖ စစ်အစိုးရ၏ ဖွဲ့စည်းပုံအခြေခံဥပဒေ မူကြမ်း လူထု ဆန္ဒခံယူပွဲဆိုင်ရာ ရလဒ်များ၌ လိမ်လည်မှုများစွာ ပါနေကြောင်း ရန်ကုန်တိုင်း လူဝင်မှုကြီးကြပ် ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနမှ အမည်မဖော်လိုသူ အရာရှိတဦးက ပြောသည်။ ၎င်းက “စစ်အစိုးရရဲ့ ထုတ်ပြန်ကြေညာချက်ထဲမှာ မြန်မာနိုင်ငံ လူဦးရေကို (၅၇) သန်းခွဲ၊ (၁၈) နှစ်ပြည့် လူဦးရေကို (၂၇) သန်းကျော်ဆိုပြီး ဖော်ပြထားတယ်၊ ဒီစာရင်းအတိုင်းဆို အသက် (၁၈) နှစ် ပြည့်ပြီးသူ ဦးရေဟာ မြန်မာပြည်လူဦးရေ စုစုပေါင်းရဲ့ (၄၇.၆) ရာခိုင်နှုန်းပဲ ရှိတယ်လို့ဆိုတဲ့ သဘော ဖြစ်နေတယ်။ ကျနော်တို့ဌာနက တွက်ချက်ထားတဲ့ စာရင်းဇယားတွေအရ မြန်မာနိုင်ငံရဲ့ အသက် (၁၈) နှစ်ပြည့်ပြီး လူဦးရေဟာ စုစုပေါင်း လူဦးရေရဲ့ (၆၅) ရာခိုင်နှုန်း နီးပါးလို့ ခန့်မှန်း ထားတယ်။ အဲဒါဟာ လူဦးရေ (၅၇) သန်းခွဲနဲ့တွက်ရင် (၃၇) သန်းကျော် ရှိမယ်လို့ ပြောနိုင်တယ်။ စစ်အစိုးရက ကြေညာလိုက်တဲ့ မဲပေးခွင့်ရှိသူဦးရေနဲ့ အမှန်စာရင်းဟာ (၁၀) သန်းလောက် ကွာဟနေတယ်။ ဒါဟာ လုံးဝ မှားနေတဲ့ စာရင်းပဲ” ဟု ပြောသည်။ အဆိုပါကိစ္စနှင့်ပတ်သက်၍ ရန်ကုန်အခြေစိုက် ကုလသမဂ္ဂ အဖွဲ့တဖွဲ့ဖြစ်သည့် UNICEF မှ အမည် မဖော်လိုသူ မြန်မာဝန်ထမ်းတဦးက ၎င်းတို့ ပြုစုထားသည့် စာရင်းများတွင် လူဦးရေ (၃၆) သန်း ခန့်သည် အသက် (၁၈) နှစ်ပြည့်ပြီးသူများဖြစ်ပြီး စစ်အစိုးရ၏ ယခုကြေညာချက်နှင့် (၉) သန်းခန့် ကွာနေကြောင်း ပြောသည်။ မဲပေးပိုင်ခွင့်ရှိသူ စာရင်းအမှန် (၃၇) သန်းကျော်နှင့် တွက်ချက်မည်ဆိုပါက နအဖစစ်အစိုးရက မသမာမှုများစွာပြုလုပ်ပြီး လိမ်လည်ကြေညာထားသည့်တိုင် ထောက်ခံဆန္ဒမဲ ပေးသူသည် ကော်မရှင်က ကြေညာသကဲ့သို့ (၉၂.၄) ရာခိုင်နှုန်း မဟုတ်ဘဲ မဲပေးပိုင်ခွင့်ရှိသူ စုစုပေါင်း၏ အကယ်၍ ရန်ကုန်တိုင်းနှင့် ဧရာဝတီတိုင်းတို့မှ ကျန်သည့် မြို့နယ် (၄၇) မြို့နယ် ဦးရေ၏ ဆန္ဒမဲများသည် ကန့်ကွက်မဲသာ များခဲ့ပါက စစ်အစိုးရ ကလိမ်ကကျစ် လုပ်သည့်တိုင် တတိုင်း တပြည်လုံးရလဒ်သည် ကန့်ကွက်မဲက ပိုများမည်ဖြစ်ကြောင်း ပြောသည်။ နအဖစစ်အစိုးရက ထုတ်ပြန်သည့် အသက် (၁၈) နှစ်ပြည့် လူဦးရေစာရင်းသည် မှန်မှန်ကန်ကန် ပြုစုကောက်ခံထားခြင်းမရှိဘဲ ပြည်ပရောက်နေသူများ၊ တာဝန်အရ နေရပ်၌ မရှိသူများ၊ ခရီးသွား နေသူများကို ချန်လှပ်ထားသည့်အပြင် လိုအပ်သလို ကိန်းဂဏန်းရအောင် ကောက်ယူထားသည့် စာရင်းဖြစ်ကြောင်း ရန်ကုန်တိုင်း လ၀က အရာရှိက ထောက်ပြသည်။ နအဖ အခြေခံဥပဒေ လူထုဆန္ဒခံယူပွဲနှင့် ပတ်သက်၍ အဆင့်တိုင်းတွင် မဲမသမာမှုများစွာ ရှိ ကြောင်း ပြည်တွင်းပြည်ပ အတိုက်အခံ အင်အားစုအားလုံးက ထုတ်ဖော်ပြောဆိုပြီး ဖြစ်သကဲ့သို့ ဆန္ဒမဲရယူရာ၌လည်း ဥပဒေ နည်းလမ်းများနှင့်မညီဘဲ အတင်းအကျပ် ဖိအားပေး ခြိမ်းခြောက် သည့်နည်းများဖြင့် ဆောင်ရွက်ခဲ့ကြောင်း ပြည်သူများကလည်း ထုတ်ဖော်ပြောဆိုထားခဲ့ပြီး ဖြစ်သည်။ |
No comments:
Post a Comment