ဘယ်သူ့ ကိုမှ ဂုဏ်သိက္ခာကျအောင် မပြောတဲ့ စိတ်ထားဟာ သိက္ခာရှိတဲ့ စိတ်ထား ၊ ရန်ကျက်တဲ့ ပြ ည့် ဝတဲ့စိတ်ထား ဖြစ်တယ်။ ကိုယ့် ဂုဏ်သိ က္ခာကိုကိုယ် တန့် ဖိုးထားတဲ့လူဟာ သူများကို ဂုဏ်သိက္ခာ ကျအောင်မပြောဘူး၊ မလုပ်ဘူး ၊
ငါ့ကိုယ်ငါလေးစားမှုရှိ နေသေးသရွေ့  သူများ ဘယ်လိုထင်တယ်ဆိုတာကို ကြောင့်ကျစိုက်နေဖို့  မလိုဘူး။
ဂုဏ်သိက္ခာ တကယ်ရှိတဲ့သူ ၊ တည်ကြည်မှု ခန့် ငြားမှုတကယ်ရှိတဲ့ သူဟာ ဘယ်သူနဲ့ မှ မငြင်းဘူး၊ ရန်မဖြစ်ဘူး။ပြောစရာရှိတာကို အေးအေးဆေးဆေး ရှင်းရှင်းလင်းလင်းတိတိကျကျပဲ ပြောတယ်၊ သူတစ်ပါးကို အနိုင်ယူချင်တဲ့စိတ်နဲ့  သူတစ်ပါးကို သိက္ခာကျအောင် ပုတ်ခတ်တဲ့ စကားမျိုး မပြောဘူး၊ သူများ သိက္ခာကျမှ ကိုယ့်မှာ ဂုဏ်ရှိတယ်လို့  မယူဆဘူး ။
သူများက ကိုယ့်ကို လေးစားတဲ့သူ ဖြစ်ချင်ရင် ကိုယ်ကိုယ်ကို တကယ်လေးစားတဲ့သူ ဖြစ်အောင်အရင်လုပ်ရမယ်။ အဲဒီက စမှ ရတယ်၊
ကိုယ့်ရဲ့  ကျော်ကြားမှုဟာ သူများလက်ထဲမှာ ရှိနေတယ်၊ ကိုယ့်ရဲ့  ဂုဏ်သိက္ခာကတော့ ကိုယ့်လက်ထဲမှာပဲရှိတယ်။
လူတော်များများဟာ ဒုက္ခတွေ အများကြီး ကြုံရတာ ဘာလို့ တုံး ဆိုတော့ မလုပ်သင့်တာတွေ ကို လုပ်နေတယ်။ လုပ်သင့်တာကို မလုပ်ဘူး၊
အဲ့ဒါကြောင့် ဒုက္ခတွေများနေတာ၊ မလုပ်သင့် တာတွေကို မလုပ်ဘဲနဲ့  လုပ်သင့်တာတွေကို ပိုပြီး လုပ်လာတဲ့အခါမှာ ကိုယ့်ကိုယ်ကို လေးစားမှု ၊ ချစ်ခင်မှု တိုးလာတယ်။ ကိုယ့်ကိုယ်ကို ယုံကြည်မှု တိုးလာတယ်။ ကိုယ့်ဘ၀ ပိုပြီး အဆင်ပြေလာတယ်။
ခင်မင်လေးစားတတ်တဲ့ စိတ်ဟာ အဆင့်အတန်းမြင့်မားတဲ့ စိတ်ထားဖြစ်တယ်။
တရားမျှတမှု ကို တန်ဖိုးထားမှသာ ကိုယ့်ကိုယ်ကို လေးစားတယ်လို့  ဆိုနိုင်တယ်။
ကိုယ့်ကို သူတပါးက မလေးစားတာ တော်တော်ဆိုးပါတယ်။ ဒါပေမဲ့ ကိုယ့်ကိုယ်ကိုကိုယ် မလေးစားနိုင်တော့တာက ပိုဆိုးပါတယ်။
ကိုယ့်ကိုယ်ကို ပိုကောင်းအောင် ကိုယ့်ဟာကိုယ် ပြုပြင်နိုင်တာဟာ ကိုယ့်ရဲ့  အကြီးမားဆုံး စွမ်းရည်သတ္တိ ဖြစ်တယ်၊
သူများနောက်ကို မလိုက်ဘဲနဲ့  ကိုယ့်ဆုံးဖြတ်ချက်နဲ့  ကိုယ့်၊ ကိုယ့်လမ်းကိုကိုယ် ရွေးတဲ့သူဟာ အကြီးမားဆုံးသတ္တိရှိတဲ့သူပဲ။
အင်းအားကြီးတဲ့သူ။ သဘောထားကြီးတဲ့သူဟာ အနိုင်အရှုံးကို မစဉ်းစားဘူး။ သင့်တော်သလား။ မသင့်တော်ဘူးလားဆိုတာပဲ စဉ်းစားတယ်။
သက်သက်သာသား နေရတာ လိုချင်တာ လွယ်လွယ်နဲ့ ရတာ မကောင်းဘူး။ သက်သက်သာသာ နေရင်အရည်အချင်းမရှိတဲ့သူ ဖြစ်သွားမယ်။
စစ်မှန်တဲ့ စွမ်းရည်ဆိုတာ သူများကပေးလို့  မရဘူးကိုယ့်ဟာကိုယ် ထူထောင်ယူရတယ်။
ကိုယ့်ရဲ့  အရည်အချင်း ကောင်းတွေကသာ ကိုယ့်ရဲ့ အားကိုရာ အားထားရာ အစစ်ဖြစ်ပါတယ်။
အင်းအားကြီးတဲ့သူဟာ ပေးနိုင်တဲ့သူ ဖြစ်တယ် ။အင်အားကြီးတဲ့သူဟာ စွန့် လွှတ်နိုင်တဲ့သူ ဖြစ်တယ်။
ကိုယ်ကိုယ်တိုင်က ကိုယ့်လမ်းကို ကိုယ်ပြတ်ပြတ်သားသား ရွေးချယ်မှသာ စိတ်ဓါတ်အင်အားကြီးမားတယ်လို့  ခေါ်နိုင်တယ်။
ပျော်ဖို့ ထက် ဘ၀ကို အဓိပ္ပါယ်ရှိရှိ နေဖို့ က ပိုအရေးကြီးပါတယ်။
လူဟာမိမိအကျိုး အများအကျိုး များများ ဆောင်ရွက်ရလေလေ စိတ်ပိုချမ်းသာလေလေပဲ၊
ကျေးဇူးတင်နိုင်တဲ့ စိတ်ဟာ ချမ်းသာတဲ့စိတ်ဖြစ်ပါတယ်၊ ကျေးဇူးမတင်နိုင်တဲ့ စိတ်ဟာ ဆင်းရဲတဲ့စိတ်၊ မွဲတဲ့ စိတ်ဖြစ်ပါတယ် ၊
ပြင်ပမှာ ဘာကြီးဖြစ်နေဖြစ်နေ ကိုယ့်စိတ်ကို ကိုယ်ထားတတ်ရင် စိတ်ချမ်းသာနေတယ်၊
သူများဆီက တစ်ခုခုကို အလွန်အကျွံ မျှော်လင့်နေရင် စိတ်ချမ်းသာမှုမရနိုင်တော့ဘူး၊
ပျော်ဖို့  တမင်ကြိုးစားလေလေ ပျော်ဖို့ တမင်ကြိုးစားလေလေ ပျော်ဖို့  မလွယ်လေလေပဲ။
ကိုယ့်ကိုသူများ အမှတ်ဘယ်လောက် ပေးနေသလဲ ဆိုတာကို စဉ်းစားနေတဲ့သူဟာ စိတ်ချမ်းသာမှု အစစ်ကို မရနိုင်ဘူး။
လောကမှာ သူတစ်ပါးကို ဒုက္ခရောက်အောင် လုပ်တဲ့သူဟာ ဘယ်သူလဲဆိုတော့ သူတို့ ကိုယ်တိုင် စိတ်မအေးချမ်းတဲ့ လူတွေပဲ ၊
ကျေးဇူးသိတတ်တဲ့ သူမှာ မိတ်ဆွေပေါတယ်။ အခက်အခဲနဲ့ တွေ့ တဲ့အခါ အကူအညီ ပေးမယ့်သူပေါတယ်။
ဒါကြောင့် မိတ်ဆွေကောင်း ပေါချင်ရင် ကျေးဇူးသိပါ။
သူများကို အကူအညီပေးလိုက်ခြင်းအားဖြင့် ကိုယ့်ကိုယ်ကိုလေးစားမှု တိုးလာတယ်။ စိတ်ချမ်းသာမှုလည်း ရတယ်။ ဒါဟာတော်တော် အဆင့် မြင်တဲ့ ကျေနပ်မှုဖြစ်တယ်။
ပျော်ပျော်နေပါ. ပေါ့ပေါ့တန်တန်မနေပါနဲ့ 
သူများကို နိုင်ချင်တဲ့စိတ်ဟာ ကလေးဆန်တဲ့ စိတ်ဖြစ်တယ် ။ သူများကို အပြစ်ရှာချင်တဲ့ စိတ်ဟာ မရင့်ကျက်တဲ့ စိတ်ထားဖြစ်တယ်။
စိတ်ဓါတ်အင်အား ကြီးတဲ့သူ ။သဘောထားကြီးတဲ့သူဟာ ဘယ်သူ အထက်ကမှ မနေချင်ဘူး။ စိတ်ဓါတ်အင်အားနဲ တဲ့သူ။ သဘောထားသေးတဲ့သူဟာ သူများကို ကုပ်ခွပြီးတော့ စီးထားချင်တယ် ။ အထက်စီးကနေ ဆက်ဆံချင်တယ်။
Jul 21, 2008
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment