ဘ၀ကို ရှင်းရှင်းလင်းလင်း နေသွားချင်တယ်ဆိုရင်
သတိလေးနဲ့ နေလိုက်ပါ။ ဘ၀ဟာ ရှင်းလာပါလိမ့်မယ်။
ကိုယ့်ဘ၀ကို စည်းကမ်းရှိရှိ ဖြောင့်ဖြောင့်သွားချင်ရင်
ကိုယ့်စိတ်ကို ကိုယ်သိအောင် လုပ်ရမယ်။
ဝမ်းနည်းဝမ်းသာ အဖြစ်နည်းပြီး ကြည်လင်အေးချမ်းတဲ့စိတ်နဲ့  ဆုံးဖြတ်ရမယ်။
လူတိုင်း လူတိုင်း ဘ၀တစ်ခုလုံးမှာ နေ့ စဉ်နဲ့ အမျှ ရွေးချယ်မှု (choice)တွေလုပ်နေရပါတယ်။
ရွေးချယ်တာ ဆုံးဖြတ်တာမှန်ဖို့  လိုပါတယ်။
ဘ၀ဆိုတာ စိတ်နဲ့ တန်သလို ဖြစ်တာပါ။
စိတ်ရဲ့ အရည်အသွေး မြင့်မားလာရင် ဘ၀ရဲ့  အရည်အသွေးမြင့်မားလာတယ်၊
ဘ၀ဆိုတာ စိတ်ရဲ့  ရောင်ပြန်ဟပ်မှုပဲ။
ကိုယ့်အမှားတွေကို ကိုယ်ကြည့်ပြီး တော့သိပြီးတော့ ပြင်ပြီး နေသွားရတာ ဘ၀မှာ ကျေနပ်စရာ အကောင်းဆုံးအလုပ်ပါ.
အားရစရာ အကောင်းဆုံး အလုပ်ပါ.
အကောင်းနဲ့  တွေတဲ့အခါမာန ကြီးသွားမယ် .။ အဆိုးနဲ့ တွေ့ တဲ့အခါ စိတ်ဓါတ်ကျမယ်ဆိုရင် အတွေ့ အကြုံဟာ ဘာတန်းဖိုးမှ မရှိတော့ဘူး။
သူများမကောင်းကြောင်းတွေ ထိုင်းတွေးနေဖို့  အချိန်မရှိပါဘူး
ဘ၀မှာ တိုးတက်မှုမရှိရင် ဆုတ်ယုတ်နေတယ်။ တန့် မနေဘူး။
လုပ်ချင်တာကို လုပ်နေမဲ့အစား လုပ်သင့်တာကို လုပ်တာက အဓိက ကျပါတယ် ။
ကိုယ့်ခံယူချက်နဲ့  ကိုယ့်နေပုံထိုင်ပုံဟာ ဆန့် ကျင်နေရင် ကိုယ်ဘ၀ကို အကောင်းဆုံးဖြစ်အောင်နေလို့ မရနိုင်ဘူး။
ကိုယ့်ကို သူများ ဘယ်လိုမြင်တယ်ဆိုတာ တစ်ခုထဲ ကြည့်ပြီး တန်ဖိုးဖြတ်မယ်ဆိုရင် ကိုယ့်ဘ၀ဟာ ကိုယ်ပိုင်ဘ၀မဟုတ်တော့ဘူး။
ကိုယ့်တန်ဖိုးကို သူများပါးစပ်ဖျားမှာ ရောက်နေတာ့မယ်။
အဆင်မပြေတဲ့ အခြေအနေတွေနဲ့  ကြုံတဲ့အခါ ကိုယ့်စိတ်ကို ကိုယ်ခိုင်ခိုင်မာမာ ထားနိုင်တဲ့သူဟာ ကိုယ့်ဘ၀ကို ကိုယ့်လက်ထဲ
မှာ ထားနိုင်တဲ့သူလို့ ပြောလို့ ရတယ်။
တရားတယ် မတရားဘူးဆိုတာကို သိနေတဲ့ ကိုယ့်စိတ်ထားကို. ကိုယ့်အသိညဏ်ကို မလေးစားရင် ကိုယ့်ကိုယ်ကို မလေးစားရာ ရောက်တဲ့အတွက် ကိုယ့်ဘ၀ဟာ တန်ဖိုးမရှိတော့ဘူး ။
ကိုယ့်ဘ၀ကောင်းတာ မကောင်းတာ ကိုယ့်အပေါ်မှာ မူတည်ပါတယ် ။
တစ်ယောက်ကို တစ်ယောက် အပြန်အလှန် စိတ်ဓါတ်ရင့်ကျက်မှု ပိုရှိလာအောင် အရည်အချင်း ပိုရှိလာအောင် အထောက်အကူပေးတဲ့ အချစ်မျိုးနဲ့ ချစ်နိုင်မှ စိတ်ချမ်းသာမှုရတဲ့ ဆက်ဆံရေးဖြစ်မယ်။
မိမိကိုယ်ကို ပိုပြီးတော့ အသိညဏ် ကြီးမာလာအောင် တိုးတက်လာအောင် လုပ်တာနဲ့  သူတစ်ပါးကိုလည်းပဲ ပိုပြီးတော့ အသိညဏ် ကြီးမားလာအောင် တိုးတက်လာအောင် ဆောင်ရွက်ပေးတာဟာ မေတ္တာပါ။
မိမိကိုယ်ကို မိမိ မချစ်လို့ ရှိရင် သူတစ်ပါးကို ချစ်ဖို့ ရာမတက်နိုင်ပါဘူး။
ကိုယ့်အမှားတွေကို ရိုးရိုးသားသား ကြိုးကြိုးစားစား ပြင်တဲ့သူဟာ ကိုယ့်ကိုယ်ကို ချစ်တဲ့သူဖြစ်တယ်။
သင့်ဘ၀မှာ သင့်ရဲ့  အဓိကဦးတည်ချက် အချစ်ခံရဖို့  သက်သက်ဖြစ်နေရင် သင်ဟာ အချစ်ခံထိုက်တဲ့သူမဟုတ်ဘူး။
တကယ်မေတ္တာ အစစ်အမှန်နဲ့ ချစ်ရင် ကိုယ်ချစ်တဲ့သူကို ကိုယ့်ခြေထောက်ပေါ်ကိုယ် ရပ်တည်နိုင်တဲ့သူ ။ကိုယ့်အသိညဏ်နဲ့ ကိုယ် စဉ်းစားနိုင်တဲ့သူ ။ ဆုံးဖြတ်နိုင်တဲ့သူ သွားရဲလာရဲ .ပြောရဲဆိုရဲတဲ့သူ ဖြစ်လာအောင် လုပ်ပေးချင်တယ်။ အားပေးချင်တယ်။
ိကိုယ့်ကို မှီခိုနေအောင်လုပ်တာ သူ့ ကို ချစ်တာမဟုတ်ဘူး။ ကိုယ့်ကိုယ်ကိုချစ်တာ။
ကိုယ်က စစ်မှန်တဲ့မေတ္တာ ကိုပေးနိုင်ဖို့ အရေးကြီးပါတယ် ။
ရဖို့ ကတော့ မမျှော်လင့်တာပဲ ကောင်းပါတယ်။
မမျှော်လင့်ပဲရမှ ပိုကောင်းပါတယ်။
တစ်ယောက်ယောက်ကို တကယ်ချစ်ရင် အဲဒီလူကို သူ့ ခြေထောက်ပေါ် သူ ရပ်နိုင်အောင် လုပ်ပေးရမယ်။
သူ့ တစ်ပါးအပေါ် မှီခိုမှု နည်းနိုင်သမျှနည်းအောင် လုပ်ပေးရမယ်။
တစ်ယောက်အကြောင်း တစ်ယောက် အမှန်အတိုင်း မသိပဲနဲ့  ။ တစ်ယောက်ကို တစ်ယောက်နားမလည်ပဲနဲ့  စစ်မှန်တဲ့  မေတ္တာဖြစ်နိုင်ဖို့  တော်တော် ခဲယဉ်းပါတယ် ။
မေတ္တာဆိုတာ သူတစ်ပါးအတွက် အာဟာရ ဖြစ်သလို ကိုယ့်အတွက်လည်း အာဟာရဖြစ်ပါတယ် ။
သူလည်း သူအားသူ ကိုး နိုင်တဲ့သူ ။ ကိုယ်လည်း ကိုယ့်အားကိုယ်ကိုးနိုင်တဲ့သူ။ သူမရှိလည်း ကိုယ့်ဘ၀ကို ကိုယ်အဓိပ္ပါယ်ရှိရှိ ပြည်ပြည့်စုံစုံ နေသွားနိုင်တဲ့သူ ၊ ကိုယ်မရှိလည်း သူ့ ဘ၀ကို သူအဓိပ္ပါယ်ရှိရှိ ကျေကျေနပ်နပ်ချမ်းချမ်းသာသာ နေသွားနိုင်တဲ့သူ၊ ဒီလိုလူနှစ်ယောက်ရဲ့  ချစ်ခြင်းသာလျှင် တစ်ယောက်ကို တစ်ယောက် တကယ် အစစ်အမှန် ချစ်တယ်လို့ ပြောလို့ ရတယ်။
ကိုယ့်ကိုယ်ကို တကယ်သတ္တိရှိတယ်။ ထင်ရင်ကိုယ့်အမှားကို ကိုယ်ရဲရဲ ကြီးပြင်လိုက်ပါ။
ကိုယ့်အဆိုးကို လက်ခံနိုင်မှသာ အဲဒီအဆိုးဟာအကောင်းဘက်ကို တဖြည်းဖြည်း ပြောင်းသွားမယ်။ လက်မခံနိုင်သေးသရွေ့  ဖုံးကွယ် ထားသရွေ့  အကောင်းဖြစ်မလာနိုင်ဘူး။
အမှားနဲ့ ဖို့ ပဲ ကြိုးစားရမှာ။အမှားတစ်ခုကို ထပ်ခါ ထပ်ခါ မမှားဖို့  မလုပ်မိဖို့ ပဲလိုပါတယ်
ကိုယ်မှားလို့ ကိုယ်ခံရတာက ပိုဆိုးပါတယ်။
အကောင်းအဆိုး နှစ်မျိုးစလုံးကို နားလည်လက်ခံပြီး ခံနိုင်ရည်ရှိမှ ပိုပြီးရင့်ကျက်တဲ့သူ ဖြစ်မယ်။
ကိုယ်ကသူများကို အပြစ်တင်နေတာ ရှုံချနေတာဟာ သူဘယ်လို လူ ဆိုတာ တကယ်တော့ သိပ်မခေါ်လွင်ဘူး ။ ငါဘယ်လိုလူ ဆိုတာတော့ သေသေချာချာ ပေါ်လွင်သွားပြီး.။
သူများအပြစ်ကို များများရှာြး့ပီး ပြောနေတဲ့သူဟာ ကိုယ့်ဂုဏ်သိက္ခာကို ကိုယ်ချတာပဲ။ သူများကို ဂုဏ်သိက္ခာချပြီးမှ ကိုယ့်ဂုဏ်ကို တင်လို့ ရမယ် ဘ၀ကိုရောက်နေရပြီ။
သတိဟာ စိတ်အတွက် အိမ်ပဲ။ သတိနဲ့ မနေတဲ့လူရဲ့ စိတ်မှာ အိမ်မရှိဘူး။
သတိမရှိခြင်း ညဏ်မရှိခြင်းဟာ အကြီးမားဆုံးရန်သူ။
ကိုယ့်ကို အများဆုံး စိတ်ဆင်းရဲအောင် လုပ်တာဟာ သူများ မဟုတ်ပါဘူး။ ကိုယ့်စိတ်ပါ ။ ကိုယ့်အတွေးပါ။ ကိုယ့်သဘောထားမှာနေလို့ ပါ။
သတိနဲ့ သိနေတာ များလေလေ လူကြီးဆန်လေလေရင့်ကျက်လေလေ မျှတလေလေ ဖြစ်လာမှာပါ၊
ကိုယ်ကို တကယ်နှိပ်စက်နိုင်တာ ကိုယ့်အတွေးတွေပဲ။ တခြားလူတွေက ကိုယ့်စိတ်ထဲကို ၀င်လာပြီး နှိပ်စက်လို့ မရဘူး။
သူတစ်ပါးကို ထိခိုက်အောင်လုပ်ရင် ကိုယ်လည်းပြန်ထိခိုက်တယ်ဆိုတာ ကိုယ်တိုင်သိလို့ ပါ့ပဲ။
သတိမရှိတဲ့ စိတ်ကလည်း ထိုအတူပဲ ဟိုရောက်ဒီရောက်နဲ့  ဂုဏ်သိက္ခာ မရှိဘူး။
ယုံကြည့်အားကိုးရလောက်တဲ့ သူမှာ အလုပ်မရှာဘူး။
ဖြစ်မှာ မဟုတ်ဘူးလို့  တွေးကြောက်ပြီး ဘာမှမလုပ်တဲ့ သူမှာ ဘာမှ ဖြစ်လာမှာ မဟုတ်ဘူး။
မလုပ်တက်ကြောင်း များများပြောလေ မလုပ်တတ်လေ ဖြစ်မှာပဲ။
ကိုယ့်အားကိုယ်ကိုးနိုင်လေလေ။ ကိုယ့်မှာ လွတ်လပ်မှုပိုရှိလေလေပဲ။ သူများကို အားကိုးရလေလေ ကိုယ့်လွတ်လပ်မှု ဆုံးရှုံးရလေလေပဲ။
မကျေမနပ်ဖြစ်နေတဲ့ စိတ်ဟာ မလွတ်လပ်ဘူး။
ပြောပိုင်ခွင့်။ ဆိုပိုင်ခွင့် ၊ ကန့် ကွက်ပိုင်ခွင့် ။ နစ်နာမှုနဲ့ ပတ်သက်ပြီး တောင်းဆိုပိုင်ခွင့် ။ ကိုယ့်ကို မလေးမစားပြောတာကို သဘောမကျကြောင်း လက်မခံနိုင်ကြောင်းပြောပိုင်ခွင့်နဲ့ ပြောနိုင်တဲ့သတ္တိရှိမှ ကိုယ့်ကိုယ်ကို တန်ဘိုးထားမှု (self-esteem) ဆိုတာရှိနိုင်တယ် ။
ကိုယ့်အတွက် ကိုယ်တာဝန်ယူနိုင်တဲ့ အဒါမှသာ၊ ကိုယ်ကိုယ်တိုင် ဆုံးဖြတ်ချက်တွေ ကိုချနိုင်တဲ့အခါမှသာ။ကိုယ်ကိုယ်တိုင် ဆုံးဖြတ်ချက်တွေကို ချနိုင်တဲ့ အခါမှသာ၊ လူဟာ တကယ်ရှင်သန်နေတဲ့သူလို့ ပြောနိုင်တယ်။
ကိုယ့်မှာ လွတ်လပ်မှု ဘယ်လောက်ရှိသလဲ ဆိုတာကို ကိုယ့်ဘ၀ကို ကိုယ်ဘယ်လောက်တာဝန်ယူနိုင်သလဲ ဆိုတာနဲ့ ပဲ တိုင်းတာလို့ ရတယ်၊
လူ့ စည်းကို သိအောင်လုပ်ပါ။
ငြိမ်းချမ်းနေတယ်။ ပျော်ရွင်နေတယ်။ ကြည်လင်ရွင်လန်းနေတယ်။ ကိုယ်လုပ်ချင်တဲ့ အလုပ်ကို လုပ်နေတယ်ဆိုရင် သင်ဟာ အောင်မြင်နေတဲ့သူ ပါ။
သူတစ်ပါးကို မုန်းတီးနေတဲ့သူ ။ အပြစ်တင်နေတဲ့သူဟာ အောင်မြင်တဲ့သူ မဖြစ်နိုင်ဘူး။
စစ်မှန်တဲ့ အောင်မြင်မှုကို နားလည်တဲ့သူဟာ ဘယ်တော့မှ လက်စားမချေဘူး။
စိတ်ရဲ့  ငြိမ်းချမ်းမှု မရှိပဲနဲ့  စစ်မှန်တဲ့ အောင်မြင်မှု မရှိပါဘူး။
အဖေါ်ကောင်း မိတ်ဆွေကောင်း လိုချင်ရင် ကိုယ်ကိုယ်တိုင်ကပဲ အဖေါ်ကောင်းမိတ်ဆွေကောင်း ဖြစ်အောင်နေလိုက်ပါ။
လူလူချင်း ဆက်ဆံရေးမှာ ပွင့်လင်းမှု ရိုးသားမှု မရှိရင်အထီးကျန်ဖြစ်တယ်။
လူတွေကို မယုံကြည်တဲ့သူ။ လူတွေကို သည်းမခံနိုင်တဲ့သူ ခွင့်မလွတ်နိုင်တဲ့သူ ဟာလည်း အဖေါ်မဲ့တက်တယ်။ သူများအကြောင်း မကောင်းပြောတက်တဲ့သူဟားလည်း အဖေါ်မဲ့တယ်။
ချစ်တယ် ကိုယ်ချင်းစားတက်တဲ့ သူဟာ အဖေါ်မဲ့ အထီးကျန်ခံစားမှု ဖြစ်တာ နဲတယ်။
်သူတစ်ပါးကို ရင်းရင်းနှီးနှီး ပွင့်ပွင့်လင်းလင်း မပြောဆိုတတ်ဘူး။ မဆက်ဆံတတ်ဘူး။ မယုံကြည်ဘူး။ စိတ်မချဘူး အဆိုရင် ကိုယ့်မှာ အဖေါ်မရှိတော့ဘူး
မာနသိပ်ကြီးသွားရင် အဖော်မဲ့သွားတယ်။
ဒေါသကြီးတဲ့ သူလည်း အဖေါ်မဲ့ နေတတ်တယ်။
ပြင်ပကို အဖေါ်လုပ်တာ များလေလေ အဖေါ်မဲ့လေလေ ဖြစ်မှာပဲ။
အပြစ်တင်တက်တဲ့သူမှာ မိတ်ဆွေရှားတယ်။
ညဏ်ပညာနည်းတဲ့သူ ။ သဘောထား သေးတဲ့သူဟာ သူများ အကြောင်းမကောင်းပြောရတာ ။သူများကို တနည်းနည်းနဲ့  နိုင်ရတာကို အရသာတွေ့ တယ်။ ညဏ်ပညာကြီးတဲ့သူ. သဘောထား ကြီးတဲ့သူဟာ အနိုင်အရှုံးမရှိတာကိုပဲ နှစ်သက်တယ်။
ခွင့်လွတ်ခြင်းဟာ ပျော့ညံ့တဲ့ လက္ခဏာ မဟုတ်ဘူး။ အမှန်တော့ အင်မတန် စိတ်ဓာတ်အင်အားအသိညာဏ်အင်အားကြီးလို့  ခွင့်လွှတ်နိုင်တာ အင်မတန် သတ္တိရှိလို့  ခွင့်လွှတ်နိုင်တာ၊
ကိုယ်လုပ်ခဲ့သမျှကိုပြန်ကြည့်ပြီးတော့ မှားပါတယ်လို့  တိတိကျကျဝန်ခံဖို့ လိုတယ်။သင်ခန်းစာလည်း ယူဖို့ လိုတယ် ။ ပြီးရင်ကိုယ့်ကိုယ်ကို ခွင့်
လွှတ်လိုက်ဖို့  လိုတယ်။
သူ့ ကိုယ်သူ လေးစားမှုရှိရမယ်။ အများကိုလည်း လေးစားမှု ရှိရမယ်။ တည်ကြည်ဖြောင့်မတ်မှု ရှိရမယ်။
ကိုယ့်ကို လူတွေက လေးစားတာ၊ တန်ဖိုးထားတာကို လိုချင်လို့ ။ ကိုယ့်ကို စိတ်ကောင်းရှိတယ်လို့  လူတွေထင်စေချင်လို့  လူတွေကို ကူညီမယ်ဆိုရင် တော့ စိတ်ဆင်းရဲရလိမ့်မယ်။
သူများ မကောင်းကြောင်း အချိန်ကုန်ခံပြိး အတင်းပြောနေရတာကို အရသာတွေ့ တဲ့သူရဲ့  စိတ်ဟာ အားငယ်တတ်တဲ့ စိတ်။ သဘောထားသေတဲ့ စိတ်ဖြစ်တယ်။
ကိုယ်ကိုယ်ကို ယုံကြည်မှုရျိလို့  သူတစ်ပါးကို အသိအမှတ်ပြုနိုင်တာ လေးစားနိုင်တာ။ ကိုယ့်ကိုယ်ကို ယုံကြည်မှုမရှိရင် သူတစ်ပါးကို ယုံကြည် မှု မရှိနိုင်ဘူး ။အသိအမှတ်မပြုနိုင်ဘူး။
ဘယ်သူ့ ကိုမှ ဂုဏ်သိက္ခာ ကျအောင်မပြောတဲ့ စိတ်ထား ဟာ သိက္ခာရှိတဲ့ စိတ်ထား ။ ရင့်ကျက်တဲ့ ပြည့်ဝတဲ့ စိတ်ထားဖြစ်တယ် ။ ကိုယ်ဂုဏ်သိက္ခာ ကို ကိုယ် တန်ဖိုးထား တဲ့လူုဟာ သူများကို ဂုဏ်သိက္ခာ ကျအောင် မှပြောဘူး။ မလုပ်ဘူး။
(လူသားတွေ အတွက်)
Jul 20, 2008
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment