အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းခေါင်းဆောင်ကြီးများ သည် မြန်မာနိုင်ငံအား နယ်ချဲ့ ကို လိုနီလက်အောက်မှ လွတ်မြောက်ရေး အတွက် ၁၉၄၇ ခုနှစ် ဇူလှိုင်လ (၁၉)ရက်နေ့ တွင်အသက်စွန့် ပေးလှူခဲ့ ကြသဖြင့် ၁၉၄၈ခုနှစ် ဇန္ဒ၀ါရီလ (၄)ရက်နေ့ တွင် သူကျွန်ဘ၀မှလွတ်မြောက်ပြီ ကမ္ဘာ့အလယ်တွင်လွတ်လပ်သော အချုပ်အခြာအာဏာ ပိုင်သည့် နိုင်ငံတခုအဖြစ် ဂုဏ်ယူဝင့်ကြွားထယ်ဝါစွာဖြင့် ရပ်တည်နိုင်ခဲ့ ပေသည်။
ကိုယ့်ထီးကိုယ့်နန်းကိုယ့်ကျေနန်းနှင့် နေထိုင်ခဲ့ကြသော မြန်မာပြည်သူအပေါင်းတိို့သည်လည်း နှစ်ပေါင်း(၁၀၀)ကျော်တို်င်းတပါးတို.
ှ၏လက်အောက်မှလွတ်မြောက် လွတ်လပ်ရေးအသီး အပွင့်များကို ခံစားခံစားစေရန် အလို့ ငှာအသက်စွန့် ဆောင်ရွက်ခဲ့ကြသော အာဇာနည်ခေါင်းဆောင်ကြီးများ၏ တိုင်းချစ်စိတ်ဓါတ်ကိုလည်းလေးစားဂုဏ်ပြု ဥိးညွတ်အလေးပြု ထိုက်ပေသည်။
သိုသော် ၁၉၆၂ ခုနှစ်မှစ မြန်မာပြည်သူ့ အပေါင်းတို့ သည်တိုင်းတပါး၏ ကိုလိုနီ ကျွန်ပြုခြင်းမှလွတ်မြောက်ခဲ့သော်လည်းလက်တဆုပ်စာစစ်အာဏာရှင်စစ်ဘီလူးတို့ ၏ရက်စက်ယုတ်မာစွာစစ် ကျွန်ပြုခြင်းခံခဲ့ ရသဖြင့် လွတ်လပ်သော ဒီမိုကရေစီ အခွင့်အရေးများ ပျက်သုန်းပျောက်ကွယ်ခဲ့ရပေသည် ။ ငြိမ်းချမ်းသာယာသောမြန်မာ ပြည်သည်လည်း ပြည်တွင်း စစ်မီးတဟုန်းဟုန်း တောက်လောင်ခဲ့ရပေသည်။ သံယံဇာတပေါကြွယ်ဝသည့်မြန်မာပြည်သည် လည်းကမ္ဘာ့ဖွံဖြိုးမှုအနည်းဆုံးအဖြစ်ဖြင့် ဆင်းရဲတွင်းန်ကခဲ့ရပေသည်။ ထိုကြောင့်ရဟန်းရှင်လူ ၊ ကျောင်းသားပြည်သူအပေါင်းတို့ သည် ၁၉၆၂ ခုနှစ်ခုနှစ် ဇူလှိုင်(၇)ရက် အရေးအခင်းမှစ၍ ၁၉၇၄ အလုပ်သမားသပိတ်။ ၁၉၇၄ ဦးသန့် အရေးအခင်း။၁၉၇၆ ဆရာကြီးသခင်
ကိုယ်တော်မှိုင်းရာပြည့်အရေးအခင်းအပါအ၀င်၁၉၈၈ ခုနှစ် ရှစ်လေးလုံးဒီမိုကရေစီအရေးတော်ပုံ။ ၁၉၉၆ ကျောင်းသားလှုပ်ရှားမှုများ
ဆက်တင်ဘာရွေဝါရောင်တော်လှန်ရေးစသည့်ဖြင့် အာဏာရှင်စစ်ဘီလူးတို့ အား ဆန့် ကျင်တိုက်ပွဲဝင်ခဲ့ကြပေသည်၊
မြန်မာနိုင်ငံလွတ်လပ်ရေးအတွက်နယ်ချဲ့ ကိုလိုနီတို့ ကိုတိုက်ထုတ်ခဲ့သည် ဗိုလ်ချုပ်အောင်ဆန်းနှင့် အာဇာနည်ခေါင်းဆောင်ကြီးများကဲ့သို့  အာဏာရှင်စစ်ဘီလူးတို့ ၏ စစ်ဖိနပ်အောက်မှ မြန်မာပြည်သူအပေါင်း လွတ်မြောက်ရေးအတွက်အသက်စွန့် တိုက်ပွဲဝင်ခဲ့ကြသော ဒီမိုကရစီ အာဇာန်ညအပေါင်းအာဇာနည်သူရဲ ကောင်းအပေါင်းအားလည်း ကျွန်တို့ မြန်မာနိုင်ငံရေးအကျဉ်းသားသမဂ္ဂမှ ဦးညွတ်ဂုဏ်ပြု အလေးပြုပါသည်။
မြန်မာပြည်သူအပေါင်းဒီမိုကရေစီ နှင့်လူ့ အခွင့်အရေးအပြည့်အ၀ရရှိခံစားစေနိုင်ရေးအတွက် လည်းကျွန်ပ်တို့ မြန်မာနိုင်ငံရေးအကျဉ်းသားသမဂ္ဂသည်လည်း ရဟန်းရှင်လူ ကျောင်းသားပြည်သူအပေါင်းတို့ နှင့်အတူ ဆက်လက်တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း လေးနှက်တည်ကြည်စွာ သန္ဒိဌာန်ပြုပါသည် ၊
ထုတ်ဝေသူ- မြန်မာနိုင်ငံအကျဉ်းသားသမဂ္ဂ
ကူးယူသူ - နေကျော်လင်း
၈၈၈၈ မမေ့ရ
မမေ့သင့်သောနေ့ 
8888 မမေ့ပါနှင့်
Subscribe to:
Post Comments (Atom)
No comments:
Post a Comment