၈၈၈၈ မမေ့ရ

၈၈၈၈ မမေ့ရ
မမေ့သင့်သောနေ့ 

8888 မမေ့ပါနှင့်

8888 မမေ့ပါနှင့်

Jul 19, 2008

အောင်ဆန်းဝါဒ

ဒီလူငယ်တွေ အတုယူရဖို့ 
အောင်ဆန်းဝါဒ ဆိုပြမလေ
အောင်ဆန်းဆိုတာ ဒို့ ဗိုလ်ချုပ်ပေါ့
တပ်မတော်ဖခင် အရင်းပါလေ
ဖိုးဖိုးအောင်ဆန်းခင်းတဲ့လမ်း
ဖြောင့်တန်းလျှောက်ပါလေ
အဲဒါမှ အောင်ဆန်းဝါဒ မှတ်ကြလူငယ်တွေ

မှန်တာပြောမယ် မှန်တာလုပ်ပ
မဟုတ်တရုတ်ကို ရွံရှာပေ
ကိုကျိုးမရှာ အများအတွက်တွေးလို
နိုင်ငံအရေးကို ရွက်ဆောင်ပေ
ကျရာလုပ်ငန်းမခိုတန်း ကြိုပမ်းကြပါလေ
အဲဒါမှ အောင်ဆန်းဝါဒ မှတ်ကြလူငယ်တွေ

ပန်းတိုင်မရောက်ခင် တက်မထောင်ကြနဲ့ 
ညီညီဖြဖြလှော်ပါလေ ကိုယ်ရုံးနေလျှင်လူကိုမချနဲ့ 
အောင်ပွဲရအောင်ရွက်ဆောင်ပေ
သတ္တိနဲ့ ဇွဲမလျှော့ဘဲ ဘက်တွဲလုပ်ပါလေ
အဲဒါမှ အောင်ဆန်းဝါဒ မှတ်ကြလူငယ်တွေ၊

ပဒေသာပင်တွေ မြေတလျှောက်မှာ
ပေါက်လာမ်ယလို့ မထင်နဲ့ လေ
ကုန်းရုန်းအားကုန် လုပ်နိုင်ကြမှ
ဟိုနိုင်ငံဘ၀လွတ်မယ်လေ
ကျရာလုပ်ငန်းမခိုတန်း ကြိုးပန်းကြပါလေ
အဲဒါမှ အောင်ဆန်းဝါဒ မှတ်ကြလူငယ်တွေ

ရှမ်းကတစ်ဖုံ ကရင်ကတစ်မျိုးနဲ့ 
တို်င်းပြည်ကောင်းကျိုးမရနိုင်ပေ
ဒီမိုကရေစီရှင်အောင်မွေးမှ
လွတ်လပ်ရေးနဲ့  ထိုက်တန်းမလေ
ရှမ်း ကချင် ကရင် ကယား
လက်တွဲထား အားလုံး တန်းတူပေ
အဲဒါမှ အောင်ဆန်းဝါဒ မှတ်ကြလူငယ်တွေ


ကဗျာ ဆရာ - အမည်မသိ
ကူးယူသူ - နေကျော်လင်း
ထုတ်ဝေသူ - မြန်မာနိုင်ငံနိုင်ငံရေးသမာသမဂ္ဂ
ဇူလှိုင်၁၉ ကို ကျနော့် ဘလော့ဂ်မိတ်ဆွေများ မမေ့ကြပါနှင့်
ိdon't forget Martyr day

No comments: